ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးကွက်အတွင်းသို့ ကန်ဒေါ် လာ ၉ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေး

0
141

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၉ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ကို ယနေ့ ဖေဖော်ဝါရီ (၁၅) ရက်တွင် ထပ်မံ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ကလည်း ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၅.၃၈ သန်းကို ရောင်းချပေးထားပြီး ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၄၆.၃၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ကို ရောင်းချပေးထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဒေါ်လာ ၆၆.၉၃ သန်း နှင့်ထိုင်းဘတ်သန်း ၇၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ (၁) ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တ ရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားသည်။

နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာသည့်နောက်ပိုင်းတွင်လည်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ဒေါ်လာများဆက်တိုက် ထုတ်ရောင်းပေးခဲ့ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here