ကက္ကူဒေသသို့ ရောက်ရှိနေသော စစ်ရှောင် (၃,၀၀၀)ကျော်အား နေရာရွှေ့ ပြောင်းပေးလျှက်ရှိ

0
115

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲကြောင့် ကျောက်တလုံးကြီးမြို့နယ်၊ ကက္ကူဒေသအတွင်း ရောက်ရှိနေကြသည့် စစ်ရှောင်ပြည်သူ(၃,၀၀၀) ကျော်အား  နေရာရွှေ့ပြောင်းပေးနေကြောင်း ‌ဒေသတွင်းသတင်းအရင်းအမြစ်များထံ မှ သိရသည်။

ယခုကဲ့သို့ ရွှေ့ပြောင်းပေးရခြင်းသည် စစ်ရှောင်များ အနေဖြင့် မြေကြီးပေါ်တွင် အိပ်စက်နေရခြင်း၊ လူနေထူထပ်မှုကြောင့် ကူးစက် ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရခြ င်းနှင့် အမိုးအာကာလုံခြုံမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟုသိရသည်။

“ကာလတိုအဆင်ပြေနေနိုင်ကြပေ

မယ့် ကာလကြာလာရင် သူတို့ကျန်းမာရေးတွေ ထိခိုက်မှာကိုစိုးရိမ်ရတဲ့အတွက် ဒေသခံပြည်သူတွေ၊ ကျေးရွာခေါင်းဆောင်တွေ ရဟန်းသံဃာတော်တွေနဲ့ ဆွေးနွေးပြီး ရေရှည်စီမံကိန်းအတွက် ကြည့်ပြီးမျှဝေတာဝန်ယူပေးကြမယ်ဆိုတဲ့ အားလုံးသဘောတူညီချက်နဲ့ လုပ်တာပါဟု”ဒေသခံ စစ်ရှောင်အရေးဆောင်ရွက်သူတစ်ဦး ကပြောသည်။

စစ်ရှောင်ပြည်သူများကို ပင်တွန်၊ နောင်ခဲ  ၊ ဆောင်းဖိုး၊ ကက္ကူ၊ နားဟီး၊ အသုံးတော်၊ နောင်ကား စသည့် ကျေးရွာ အုပ်စုများမှ စားသောက်ဖွယ်ရာများ၊ နေရာထိုင်ခင်းများအား စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၂) ရက်မှစ၍ စစ်ရှောင်ပြည်သူများရှိရာ နေရာများသို့ ကြို့ပို့ယာဉ်များလွှတ်၍ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ရွှေ့ပြောင်းပြီးပါက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကက္ကူကျေးရွာအတွင်း၌ ရွှေ့ပြောင်းပေးရန် စစ်ရှောင်ပြည်သူဦးရေ (၉၀၀)ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here