ဖားကန့်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွာနေသည့်အတွက် ပျက်ဆီးနေသော (၆၆) /KV လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန် အချိန်ကြာမြင့်နိုင်ဟု ဆို

0
127

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွာနေသည့်အတွက် ပျက်ဆီးနေသော (၆၆) KV လျှပ်စစ်ဓာတ်အားလိုင်းကို ပြုပြင်ရန် အချိန်ကြာမြင့်နိုင်ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

“တိုက်ပွဲတွေကြားထဲ သွားလာဖို့ အဆင်မပြေနိုင်တဲ့အတွက် တိုက်ပွဲငြိမ်သွားမှ ဆောင်ရွက်နိုင်မှာပါ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ယခုလဆန်းပိုင်းက နန့်တိန်ဂိတ်အနီး လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်း-ဖားကန့် ဓာတ် အား ပေးနေသည့်( ၆၆) KV ဓာတ်အားလိုင်းများအား လက်နက် ကြီးထိမှန်ကာ လျှပ်စစ်လိုင်းများ ပြတ်တောက်သွားရခြင်းဖြစ်သည်။

လက်ရှိတွင် ဖားကန်မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောဘက်မှုများကြောင့် ဒေသခံများအတွက် ဖားကန့်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းမိသာစုဝင်များ စုပေါင်းပြီး ငှက်ပျောတောရပ်ကွက်ရှိ လျှပ်စစ်ရုံးရှေ့တွင် မီးစက်နှိုးကာ ဖုန်းအားသွင်းရန်နှင့် အခြားလျှပ်စစ်ပစ္စည်းများကို အခမဲ့ အားသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ယင်းကဲ့သို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ဖားကန့် မြိုပေါ်ရပ်ကွက်များ၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာများမှာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here