ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြား ချက်မျှ သီးခြားထုတ်ပြန်ဆောင်ရွက်ထားခြင်းမရှိဟုဆို

0
227

လက်ရှိတွင် ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ဆောင်ရွက်ထားခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖော် အသက်သွင်းခြင်းပေါ် အခြေခံကာ ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ ဖြန့်ဝေကာ ပြည်သူလူထု၏ စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိနေသည်။

ယင်းသို့ လှုံ့ဆော်မှုများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးစာထုတ်ပြန်လာ ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအားလူ ဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ကန့်သတ် ချ က်များ ထုတ်ပြန်စိစစ်တားဆီးခြင်း မရှိကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များအပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ထွက်ဂိတ်များမှ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း အသိပေးကြေညာထားသည်။

အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ လေဆိပ်များတွင်လည်း အသိပေးထုတ်ပြန်ထား ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here