ရန်ကုန်တိုင်း မြို့နယ် (၃) ခုတွင် တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၃)ကြိမ် ဖြစ်ပွား

0
122

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၃) မြို့နယ်တွင် ယနေ့ ဖေ ဖော်ဝါရီ (၁၅)ရက် တစ်ရက်တည်းအတွင်း မီးလောင်ကျွမ်းမှု (၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီ‌ရေးအဖွဲ့များထံမှ သိရသည်။  

ဖေဖော်ဝါရီ (၁၅) ရက်၊ နံနက် (၈)နာရီအချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွ က်တွင် စတိုးဆိုင်နှင့် တွဲလျက် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level (1) ယာဉ်အုပ်စုများထွက်ခွာ (၈)နာရီ (၁၅)မိနစ်အ ချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၈)နာရီ (၂၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၁၅)ရက် နေ့လယ် (၁)နာရီ (၅၇)မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရ ခိုင်ရိုးလေးကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာ ထန်းတပင်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လ ယ် (၂)နာရီ၊ (၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အလားတူ ဖေဖော်ဝါရီ (၁၅)ရက် နေ့လယ် (၂)နာရီ (၃၇)မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြို့မ (၁၀)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသ ဖြင့် သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၂)နာရီ (၄၂)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၂)နာရီ (၄၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲအနေဖြင့် နိုင်ငံတဝှမ်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး မီးဘေးလုံခြုံ ရေးဆိုင်ရာ လုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မပျက် အကောင် အထ ည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများမှလည်း မီး ဘေးအန္တရာယ် သတိပြုရန် အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း ပျမ်းမျှ မီးလောင်မှု အကြိမ်ရေ (၁၈၀၀) ကျော်ခန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးအ နေဖြင့် ကျပ်သန်းပေါင်း (၁၈၀၀၀) ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင် ငံ မီးသတ်တပ်ဖွဲမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here