CMP ကဏ္ဍမြှင့်တင်ရေး လိုအပ်သောသွင်းကုန်များအတွက် လိုင်စင်လွယ်ကူရန် ကူညီမည်ဟုဆို

0
219

CMP ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် လိုအပ်သောသွင်းကုန်များအတွက် လိုင်စင်လွယ်ကူရန် ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက အသိပေးထားသည်။

အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၏ လမ်းညွှန်ချက်ဖြင့်  CMP ပို့ကုန်တို့မြှင်းရေးအတွက် လိုအပ်သော သွင်းအားစုများ၏ သွင်းကုန်လိုင်စင် လွယ်ကူစွာရရှိနိုင်ရေးအတွက် သတင်းအချက်အလက် တောင်းခံစာကိုလည်း  ဖေဖေါ်ဝါရီ (၁၄)ရက် ရက်စွဲဖြင့် အထည်ချုပ်လုပ် ငန်းရှင်များ အသင်းဝင် စက်ရုံ/ ကုမ္ပဏီများအား ပေးပို့ထားကြောင်း သိရသည်။

လိုအပ်သော သွင်းအားစုများဖြစ်သည့် စက်၊ စက်အရံ ပစ္စ ည်း ၊ စက်ဆီချောဆီ ၊ CPM အထည်ချုပ်လုပ်ငန်းတွင်သုံးသည့် ဓာတုပစ္စည်းများ၏ သွင်းကုန်လိုင်စင်များ လွယ်ကူစွာရရှိနိုင်ရေးအတွက်မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်း၊ အသင်းဝင်စက်ရုံများအနေဖြင့် ပူးတွဲဇယားများအား Excel Sheet ဖြင့်ဖြည့်စွက်၍ Soft Copyကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်၊ ညနေ(၄)နာရီမတိုင်မီနောက်ဆုံးထား၍ [email protected] သို့ ပေးပို့ရန် အကြောင်းကြားထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here