ဘန်ကောက်မှာ လေထု ညစ်ညမ်းမှု မြင့်တက်နေတာကြောင့် ဝန်ထမ်းများ နေအိမ်မှသာ အလုပ်လုပ်ကြဖို့ ညွှန်ကြား

0
297

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကြာသပတေးနေ့က လေထုညစ်ညမ်းမှု မြင့်တက်နေတာကြောင့် ဝန်ထမ်းတွေ နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

လူဦးရေ ၁၁ သန်းခန့်နေထိုင်ရာ မြို့တော်မှာ သောကြာနေ့အထိ ဖြစ်နိုင်တဲ့ လေထုညစ်ညမ်းမှုအခြေအနေကို အလုပ်သမားဝန်ထမ်းတွေ ရှောင်ရှားနိုင်စေဖို့အတွက် အလုပ်ရှင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မြို့တော်အာဏာပိုင်တွေက တောင်းဆိုပါတယ်။

လေထုအရည်အသွေးစောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IQAir ရဲ့ ကြာသပတေးနေ့ မနက်ပိုင်း အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး မြို့ကြီး ၁၀ မြို့မှာ ဘန်ကောက်မြို့ ပါဝင်နေကြောင်း သိရပါတယ်။

သွေးကြောအတွင်း ဝင်ရောက်နိုင်လောက်အောင် အရမ်းသေးငယ်တဲ့ အန္တရာယ်ရှိ အမှုန်းအမွှား PM2.5 ပါဝင်မှုအဆင့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်စဉ် လမ်းညွှန်ချက်ပေးထားတဲ့ အဆင့်ထက် ၁၅ ဆကျော် ပိုများနေတယ်လို့ IQAir က ဆိုပါတယ်။

မြို့တော်ရှိ ဝန်ထမ်းလုပ်သားအားလုံး ကြာသပတေးကနေ သောကြာနေ့အထိကို နေအိမ်ကနေ အလုပ်လုပ်ကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဘန်ကောက်ရဲ့ ခရိုင် ၅၀ အနက် ခရိုင်ပေါင်း ၂၀ လောက်မှာ PM2.5 အမှုန်အမွှား ကျန်မာရေးနဲ့ မညီညွတ်တဲ့ အဆင့် ပါဝင်နေတယ်လို့ မျှော်လင့်ရပြီး ရာသီဥတု ငြိမ်သက်နေတဲ့ အခြေအနေကြောင့် ပြဿနာ ဆက်ရှိနေမယ်လို့ Chadchart က ပြောဆိုပါတယ်။

လယ်ကွင်းတွေထဲ လယ်သမားတွေ အမှိုက်မီးရှို့ရာမှ ထွက်လာတဲ့ မီးခိုးတွေ၊ စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်မှုတွေနဲ့ မော်တော်ယာဉ် အိတ်ဇောငွေ့တွေ တိုးလာတာကြောင့် ထိုင်းနိုင်ငံရဲ့ လေထု အရည်အသွေးဟာ ယခုနှစ် အစောပိုင်းလတွေမှာ ပုံမှန် ကျဆင်းမှု ရှိနေတာဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here