ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့

0
205

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လအတွင်း ကင်းမွန်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရော င်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကင်းမွန်ပိဿာ ချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

လက်ရှိ ဖေဖော်ဝါရီလတွင်လည်း ကင်းမွန်အဝင်များပြီး ယခင်ထက် ပိုမိုတင်ပို့နေရပြီး တင်ပို့မှု မြင့်တက်သော်လည်း ဈေးနှုန်းမှာ ငြိမ်နေကြောင်း သိရသည်။

ဖျာပုံမြို့နယ်မှ ထွက်ရှိသည့် ကင်းမွန်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here