ကျွန်းစုမြို့နယ် ပထော်ရေလှောင်တမံတွင် ရေပေါ်ဆိုလာစနစ်လုပ် နေ

0
213

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ် ပထော်ကျေးရွာရှိ ပထော်ရေလှောင်တမံ၌ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် မြန်မာဆိုလာ ပါဝါထရေးဒင်းကုမ္ပဏီလီမိတက်တို့မှ တပ်ဆင်နေသည့် ဆိုလာစွမ်းအင် (၃.၇၇)မီဂါဝပ် ထုတ်ပေးနိုင်သည့် ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်းအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သွားရောက်ကြည့်ရှုခဲ့သည်။

ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးသယံဇာတရေး ရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါ ရီ (၁၆)ရက် နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်းမှာ ပထော်ရေလှောင်တမံအတွင်း ရေပြင်အကျယ်အဝန်း (၇)ဧကတွင် ဆိုလာအချပ်ရေ စုစုပေါင်း(၆၃၈၄)ချပ် တပ်ဆင်ဆောင်ရွက်ထားကာ ဆိုလာစွမ်းအင် (၃.၇၇)မီဂါဝပ် ထုတ်ပေးနိုင်မည်ဖြစ်ကာ အင်ဗာတာ(၂၅၅) ကီလိုဝပ်(၁၂)လုံးဖြင့် ဆိုလာစွမ်းအင်များကို ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ အအေးခန်းစက်ရုံနှင့် စက်ရုံအလုပ်ရုံများ၊ မကြာမီတည်ဆောက်မည့် ဆီအုန်းဆီချောစက်ရုံနှင့် ပထော်/ပထက် ကျွန်းပေါ်ရှိ ဒေသခံပြည်သူများ ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။

ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်တွင် ဝန်ကြီးချုပ်နှင့်အဖွဲအား ပြည့်ဖြိုးထွန်း  ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးလှသန်းက ရေပေါ်ဆိုလာစနစ်လုပ်ငန်းစီမံကိန်း ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုကြောင်း သိရသည်။

ထို့အပြင် စီမံကိန်းတာဝန်ခံ ဦးဇော်မင်းဦးက ရေပေါ်ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ် ဓါတ်အားဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအစဉ်မျာကို ရှင်းလင်းတင် ပြရာ ဝန်ကြီးချုပ်က အားပေးစကား ပြောကြားခဲ့ပြီး ရေပေါ်ဆိုလာစနစ်လုပ်ငန်း တပ်ဆင်ဆောင်ရွက်ထားရှိမှုအားကြည့် ရှုအားပေးခဲ့ ကြောင်းသိရသည်။

ထိုမှ တဆင့် ဝန်ကြီးချုပ်နှင့်အဖွဲသည် ပထက်ကျေးရွာတွင် ပြည့်ဖြိုးထွန်းကုမ္ပဏီမှ မကြာမီတည်ဆောက်မည့် တန်(၆၀) ကျ ဆီအုန်းဆီချောစက်ရုံ မြေနေရာအား သွားရောက်ကြည့် ရှုခဲ့ကြောင်းလည်း သိရသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီမှ တနင်္သာရီမြို့နယ် မောတောင်မြို့တွ င် ဧက(၁၅၀၀၀) ဆီအုန်းစိုက်ပျိုးထားရှိပြီး ဧက (၈၀၀၀) ခန့် ဆီအုန်းအသီးခူးရရှိနေပြီဖြစ်ကာ ဆီချောစက်ရုံ မရှိသေးသ ဖြင့် ဆီကြမ်းထုတ်လုပ်ပြီး မြိတ်မြို့ဆိပ်ခံ တံတားမှ ရန်ကုန်သို့ ပို့ဆောင်မည့် ဆီကြမ်းတန် (၈၀၀)ကို ဝန်ကြီးချုပ်နှင့်အ ဖွဲ့မှ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here