မိုးနည်းရေရှားဒေသကြီး(၂)ခုတွင် သောက်သုံး ရေသိုလှောင်ပမာဏ ဂါလံ(၆၂) သန်းကျော် သိုလှောင်ထားဟုဆို

0
109

အယ်လ်နီညိုဖြစ်စဉ် ကြိုတင်ကာကွယ်ရေးအတွက် မိုးနည်းရေရှားဒေသကြီး(၂)ခုတွင် သောက်သုံး ရေသိုလှောင်ပမာဏ ဂါလံ(၆၂) သန်းကျော် သိုလှောင်ထားပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေအရင်းအမြစ်ဌာနမှ သိရသည်။။

လာမည့်နွေရာသီတွင် အဓိက မိုးနည်းရေရှားဒေသကြီးနှစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လူဦးရေ ၁၂၀၀၀ ကျော်အတွက် ရေသိုလှောင်ထားပြီးဖြစ်ကြောင်း သိရသည်။

အယ်လ်နီညိုဖြစ်စဉ် ကြိုတင်ကာကွယ်ရေးနှင့် မိုးခေါင်ရေရှားပါးမှုမဖြစ်စေရေးအတွက် မကွေးတိုင်းဒေသကြီးတွင် ရေကန် (၁၁) ကန် ရေသိုလှောင်ထားနိုင်သည့်ပမာဏ ဂါလံ ၁၅ ဒသမ ၅၆ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ရေကန် (၇) ကန် ရေသိုလှောင်ထားနိုင်သည့်ပမာဏ ဂါလံ ၄၆ ဒသမ ၆၃ သန်း ဖော်ဆောင်ထားရှိပြီးဖြစ် ကြောင်း သိရသည်။

ထို့အပြင် လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း လူဦးရေ ၆၀၀ နီးပါးအတွက် ရေကန်များဖော်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံတကာ မိုးလေဝသဌာနများရှိ သင်္ချာပုံစံပြု ‌မော်ဒယ်ခန်းမှန်းချက်များအရ လာမည့် ၂၀၂၄ ခုနှစ်ဖေ ဖော်ဝါရီလမှ စတင်၍ အယ်လ်နီညိုအခြေအနေသည် တဖြည်းဖြည်း ပြန်လည်လျော့ကျနိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ လျော့ကျ လာနိုင်သော်လည်း အယ်နီညို၏ အကျိုးသက်ရောက်မှု အနေဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here