ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၀)ရပ်ကွက်တွင် Level (1) အဆင့်ရှိ မီးလောင်မှုဖြစ်ပွား

0
144

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊(၂၀) ရပ်ကွက်၊ မြိတ်လမ်းတွင် Level (1) အဆင့်ရှိ မီးလောင်မှုဖြ စ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၀)ရပ်ကွက်၊ မြိတ်လ မ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နံနက် (၁၀)နာရီ (၃၂)မိနစ်အချိန်တွင် Level (1) ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၀)နာရီ (၄၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နံနက် (၁၁)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here