မုံရွာဒေသထွက် ပန်း‌ဂေါ်ဖီများ အ​ဝေးပို့မရ၍ စျေးကွက်ပျက်ခါ တောင်သူများ အရှုံးပေါ်

0
186

မုံရွာဒေသထွက် ပန်းဂေါ်ဖီများ စျေးကွက်ပျက်နေသည့်အ တွက် စိုက်သည့်ခြံရှင်များ အရင်းမရ အရှုံးပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။

“စိုက်တဲ့တောင်သူများပြီး အဝေးတင်ပို့လို့ မရတဲ့အတွက်စျေးကျသွားတာပါ။ မရောင်းရတော့ အခြောက်လှမ်းမယ့်သူတွေကို စျေးလျော့ရောင်းရတာပေါ့။ စျေးကွက်ပို့မရတော့ဘူး။ အခြောက်လှမ်းပြီးမှ လိုချင်သူတွေပြန်ရောင်းရတာမျိုးရှိပါတယ်”ဟု မုံရွာမြို့နယ်၊ ထနောင်းတောရွာပန်း ဂေါ်ဖီစိုက်တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပန်းဂေါ်ဖီခြံရှင်များအနေဖြင့် အခြောက်လှမ်းလိုသူများကို တစ်ပွင့်ကျပ်၂၀၀ စျေးဖြင့် အရှုံးခံရောင်းချနေကြရပြီး မုံရွာမြို့ကန်သာယာစျေး(ပြည်ထောင်စုစျေး)သို့အဓိကထား ပို့ဆောင်ရောင်းချရကြကြောင်း သိရသည်။

“ဒီနှစ်ကစျေးကောင်းကို မရသေးဘူး။ တစ်ပွင့် ၃၀၀ အရဆုံးပဲ။ ပထမ စထွက်တုန်းက ၄၀၀ ရမလိုနဲ့ ၃၀၀ ပဲရခဲ့တာ။ ဒီနှစ်တခြားခြံတွေကလည်း အစိုက်များကြတယ်။ အစောပိုင်းကာလပေါ်သူတွေက တစ်ပွင့် ၁၀၀၀ ကျော်အထိရခဲ့ဘူးတယ်။”ဟု တောင်သူတစ်ဦးက ပြောသည်။

တောင်သူများအနေဖြင့် စိုက်စရိတ်အရှုံးပေါ်နေပြီးပန်း‌ ဂေါ်ဖီ အပင် ၄၀၀၀ စိုက်လျင် အရင်းကျပ် ၅ သိန်းကျော်စရိတ်ရှိပြီး စတင်စိုက်ပျိုးပြီး ၃လ ခွဲတွင် ပန်းဂေါ်ဖီများပေါ်ကာ စျေးကွက်တင်ပို့ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဖေဖော်ဝါရီလတွင် ပန်းဂေါ်ဖီအပင်လှပြီး အထွက်များ သော် လည်း ပြည်ပတင်ပို့မှုမရှိသည့်အပြင် ပြည်တွင်အခြား တိုင်းနှင့် ပြည်နယ်များသို့လည်း တင်ပို့နိုင်ခြင်း မရှိသည့်အတွက် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here