အ​ရောင်းအဝယ်​အေး​သော်လည်း အတက်အကျ မငြိမ်ဖြစ်‌နေသည့် ပြည်တွင်းရွှေဈေး တစ်ကျပ်သား (၃၉) သိန်းနားကပ်လာ

0
128

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်ဖြစ်နေသည့် ရွှေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း တစ်ကျပ်သား ၃၉ သိန်းကျပ် ဝန်းကျင် မြင့်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းမှ စတင်ကာ တရိပ်ရိရိပ်ဖြင့် တက်ရိပ်ပြလာသည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းမှာ ယနေ့ဖေဖေါ်ဝါရီ (၁၇) ရက် နံနက်ပိုင်း ဈေးကွက်ပိတ်ချိန်တွင် တ စ်ကျပ်သား ၃၈၉၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ ယမန်နေ့ဈေးကွက် ပိတ်ချိန်ဖြစ်ပေါ်ခဲ့သည့် တစ်ကျပ်သား ၃၈၉၈၀၀၀ ကျပ်ထက် အနည်းငယ် ကျဆင်းခဲ့သော်လည်း အမြင့်ပိုင်းတွင်သာ ဆက်လက်ရပ်တည် နေခြင်းလည်း ဖြစ်သည်။

” ဈေးကတော့ ဒီရက်ပိုင်း သိပ်မငြိမ်ဘူး။ တက်လိုက်ကျလိုက်ပဲ။ အတက်အကျကြမ်းတာမျိုးတော့မဟုတ်ဘူး။ တရိပ်ရိပ်တက်လိုက် နည်းနည်းပါးပါး ပြန်ကျလိုက် ။ ပြီးရင် ပြန်တက်လာလိုက်နဲ့ပေါ့ “ဟု ရန်ကုန်ရွှေဈေးကွက်အတွင်းမှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်းက ၃၈ သိန်းခွဲကျပ် ဝန်းကျင်ဖြင့်သာ အရောင်း အဝယ် ဖြစ်နေရာမှ ဖေဖေါ်ဝါရီ (၁၁) ရက် နောက် ပိုင်းမှစတင်ကာ ၃၈ သိန်းခွဲအထက် တရိပ်ရိပ်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မြင့်တက်ခဲ့ရာ ဖေဖေါ်ဝါရီ (၁၅) ရက် ညနေဈေးကွက်ပိတ်ချိန်တွင် ၃၉၇၈၀၀၀ ကျပ်ဖြင့် ဈေးကွက်ပိတ်ခဲ့ပြီး ဖေဖေါ်ဝါရီ (၁၆) ရက် ဈေးကွက်ပိတ်ချိန်တွင် ၃၈၉၈၀၀၀ ကျပ်ဖြင့် ဈေးကွက်ပိတ်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်မှု ရှိနေသော် လည်း ဈေးကွက်အတွင်း၌ အရောင်းအ‌ဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။

” ရွှေက ဈေးနှုန်းတော့ရှိတယ်။ အရောင်းအဝယ်ကအေးတယ်။ အရောင်းအဝယ်လုပ်မယ့်သူတွေက ဈေးကျတာကိုစော င့်နေတာ” ဟု ဦးမျိုးမြင့်က ပြောသည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းတစ်ဒေါ်လာ ၃၅၅၀ အထိ မြင့်တက်ခဲ့သော်လည်း ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်လအတွင်း ၃၄ ဒေါ်လာ ကျဆင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားသည့် ယနေ့ ဖေဖော်ဝါရီ (၁၇) ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၂၀၁၂ ဒေါ်လာဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here