တောင်ဒဂုံမြို့နယ်တွင် ဖေဖော်ဝါရီ (၁၇) ရက် တစ်ရက်တည်းတွင် မီးလောင်မှု (၂) ကြိမ် ဖြစ်ပွား 

0
145

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၊ (၅၄) ရပ်ကွက်၊ ဇွဲကပင်လမ်းနှင့် (၂၀)ရပ်ကွက်၊ မြိတ်လမ်းတို့တွင် ယနေ့ ဖေဖော်ဝါရီ (၁၇) ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့၌ မီးလောင်ကျွမ်းများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ (၅၄) ရပ်ကွက်၊ ဇွဲကပင်လမ်း တွင် ယနေ့ နေ့လယ် (၁) နာရီ (၁၁)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသ ည်။ 

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ (၇၀)နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသ တ်ယာဉ်(၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လယ် (၁)နာရီ (၁၉)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အရ မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၀)ရပ်ကွက်၊ မြိ တ်လမ်းတွင်လည်း ယနေ့ နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်ခန့်က Level – 1 အဆင့်ရှိ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သေးရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here