သက်ဆင် မနက်ဖြန် ပြန်လွတ်မည်

0
151

ထောင်ဒဏ်ကျ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မနက်ဖြန်(ဖေဖော်ဝါရီ ၁၈) မှာ ဆေးရုံထိန်းသိမ်းခံအဖြစ်ကနေ ပြန်လွတ်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Srettha Thavisin က ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဘီလျံနာ နိုင်ငံရေးသမားကြီး သက်ဆင် (အသက် ၇၄ နှစ်) ဟာ ထောင်ဒဏ်အပြစ်ပေးမှုကို ရှောင်ရှားဖို့အတွက် ပြည်ပကို ၁၅ နှစ်ကြာ တိမ်းရှောင်သွားခဲ့ရာမှ များအကြာခင်က အမိမြေကို ပြန်ရောက်လာခဲ့သူဖြစ်ပါတယ်။

ပြည်တော်ပြန်လာပြီးနောက် သူအပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၈ နှစ်ကို ဘုရင် မဟာဝိဇယလောင်ကွန်းက တစ်နှစ်အထိ လျှော့ချပေးခဲ့ပြီး အတိအကျ ဖော်ပြခြင်းမရှိတဲ့ ကျန်းမာရေးအခြေအနေအရ သူဟာ ဆေးရုံထိန်းသိမ်းခံဘဝနဲ့ ၆ လ ပြစ်ဒဏ်ကျခံထားပြီးဖြစ်ပါတယ်။

သက်ဆင်ကို ယခုသီတင်းပတ် အစောပိုင်းက လွတ်ငြိမ်းချမ်းသာ ခံစားခွင့်ပေးခဲ့ပေမယ့် ယခုမတိုင်ခင်ကအထိ သူ ဘယ်အချိန်လွတ်မြောက်မလဲဆိုတာ သေချာ မသိခဲ့ပါဘူး၊ ဖေဖော်ဝါရီ ၁၈ ရက်ဟာ သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အရည်အချင်းပြည့်မီတဲ့ ပထမဆုံးရက်ဖြစ်တယ်လို့ ဆိုပါတယ်။

၁၈ ရက်နေ့ ပြန်လွတ်မှာပါလို့ မစ္စတာ Srettha က ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး သူ့အနေနဲ့ အသေးစိတ် အချက်တွေကို မသိပေမယ့် အားလုံးဟာ ဥပဒေအတိုင်း ဖြစ်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

သက်ဆင်အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ် မီဒီယာအင်တာဗျူးတစ်ခုမှာ ဘုရင်စနစ်ကို စော်ကားပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေက စွဲချက်တင်ဖို့ စဉ်းစားနေတာကြောင့် ဥပဒေဆိုင်ရာ ပြဿနာတွေ ထပ်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here