ရုရှားလေကာစနစ်က ယူကရိန်းဒရုန်း ၃၃ စင်းကို တစ်ညတည်းတွင် ကြားဖြတ်ဖျက်ဆီး

0
171

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ရုရှားနိုင်ငံ Belgorod၊ Voronezh၊ Kursk၊ Bryansk နှင့် Kaluga ဒေသများသို့ လာရောက်တိုက်ခိုက်သော ယူကရိန်းဒရုန်း ၃၃ စင်းအား ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ယနေ့ညတွင် ရုရှားနယ်မြေရှိ နေရာများတွင် မောင်းသူမဲ့ လေယာဉ်အမျိုးအစားအစုံ ၃၃ စင်းကို အသုံးပြု၍ တိုက်ခိုက်ရန် ယူကရိန်းအစိုးရ၏ ကြိုးပမ်းမှုမှာ ပျက်ပြားသွားခဲ့သည်။ တာဝန်ကျသော လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် Belgorod ဒေသရှိ နယ်မြေများတွင် မောင်းသူမဲ့လေယာဉ် ၄ စင်းကို ကြားဖြတ် ဖျက်ဆီးခဲ့သည်။ Voronezh ဒေသတွင် မောင်းသူမဲ့လေယာဉ် ၄ စင်း၊ Kursk ဒေသတွင် မောင်းသူမဲ့လေယာဉ် ၁ စင်း၊ Bryansk ဒေသတွင် မောင်းသူမဲ့လေယာဉ် ၁၈ စင်းနှင့် Kaluga ဒေသတွင် မောင်းသူမဲ့လေယာဉ် ၆ စင်း၊ စုစုပေါင်း မောင်းသူမဲ့လေယာဉ် ၃၃ စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မကြာသေးမီကလည်း Avdeyevka မြိုကို ထိန်းချုပ်ရန် တာဝန်ရှိသော ယူကရိန်း စစ်ဆင်ရေးဗျူဟာ တပ်ဖွဲ့သည် နေရာအချိုတွင် လက်နက်ချ ဆုတ်ခွာခဲ့ကြောင်း ယင်းအဖွဲ၏ တပ်မှူး Alexander Tarnavsky က ၎င်း၏ Telegram တွင် ပြောကြားခဲ့သည်။

ရှေ့တန်းတွင် လက်နက်ခဲယမ်းများ ကုန်လုနီးပါးဖြစ်နေသည့် ယူကရိန်းသို့ အကူအညီသစ်များ ထပ်မံပေးပို့ရန်ကိုလည်း အမေရိကန် ကွန်ဂရက်လွှတ်တော်က ကန့်ကွက်ခဲ့သဖြင့် အမေရိကန်အနေဖြင့် ယူကရိန်းသို့ လက်နက်များထောက်ပံ့မည့် အကူအညီအားဆက်လက်‌ထောက်ပံ့နိုင်ခြင်းမရှိတော့သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် ယင်းအကူအညီများကို နှစ်ဆတိုးကူညီရမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများက ယမန်နေ့က ရေးသားဖော်ပြထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here