တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

0
213

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှတင်သွင်းသည့် လျှပ်စ စ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

Aung Gabar Service Co,ltd မှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်နှင့် အားသွင်းစက်များ၊ Super Seven Star Industry Co,ltd မှ တင်သွင်းလာသည့် ကိုရီးယားနိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖေဖော်ဝါရီ (၁၆) ရက်တွင် ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်တွက်လည်း Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng E70 အမျိုးအစား လျှပ်စစ်သုံးမော် တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရော က်ရှိလာသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

တစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်း၌ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားပြီး  EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားသည့်ကုမ္ပဏီ (၃၀) ရှိရာမှ လက်ရှိတွင် ကုမ္ပဏီ (၈၀) ကျော်အထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here