မွေထိုင်းဝါရင့်ဖိုက်တာ ဆန်ချိုင်းနှင့် မာဂုဏ်ကောင်းသည်ဟု နာမည်ကျော်လာသည့် မင်းရဲကျော်စွာကို ပွဲတည်‌ ပေးလိုက်သည့် Thai Fight

0
209

ယခုရက်ပိုင်းအတွင်း Thai Fight တွင် မာဂုဏ်ကောင်းသည်ဟုဆိုကာ နာမည်ရနေသည့် မြန်မာလက်ဝှေ့ ကစားသမား မင်းရဲ‌ကျော်စွာ (အောင်ဟိန်း) နှင့်  ဝါရင့်မွေထိုင်းဖိုက်တာ ဆန်ချိုင်းကို Thai Fight မှ ပွဲတည်ပေးကာ ထိုးသ-တ်စေမည်ဖြစ်ကြောင်း သိရသည်။

Thai Fight ကုမ္ပဏီသည် Thai Fight ၏ ဝါရင့်သမ္ဘာရင့် ဖိုက်တာဖြစ်သော ဆန်ချိုင်းနှင့် မြန်မာလက်ဝှေ့ကစားသမား မင်းရဲ‌ကျော်စွာတို့ကိုလာမည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ခေါင်တွဲဆိုင်းအဖြစ် ပွဲတည်ပေးခဲ့ခြင်းဖြစ်သည်။

အသက် (၂၈) နှစ်အရွယ်ရှိ မင်းရဲ‌ကျော်စွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်ကကျင်းပခဲ့သည့် Thai Fight တွင် အီရန်နိုင်ငံသား မိုဟာမက်ဘာဂီနှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင် အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း မင်းရဲ‌ကျော်စွာက ခွန်းအားသုံးသည်ထက် ပြိုင်ဘက်ကို ဆွကစားခဲ့ပြီး မွေထိုင်းလောကတွင် ပြောစမှတ်ပြုရမည့် ယင်း၏ ခံနိုင်ရည် မာဂုဏ်ကို ပြသနိုင်ခဲ့သောကြောင့် ထိုင်းပရိသတ်များစွာက နှစ်ခြိုက်အားရ သဘောကျခဲ့ခြင်းလည်းဖြစ်သည်။

“ပြိုင်ဘက်ဖိုက်တာသည် ဝါရင့်ဖိုက်တာ ဆန်ချိုင်းဖြစ်နေလျင်တောင်သူ့ကို အလဲထိုးနိုင်မှာမဟုတ်ဘူး” ဟု မင်းရဲ‌ကျော်စွာ၏ ပြောကြားချက်ကြောင့် Thai Fight ဘက်မှ ပွဲတည်ပေးလိုက်ခြင်းဖြစ်ကြောင်း Thai Fight လောက၏ ပြောကြားချက်များအရ သိရသည်။

မြန်မာ့လက်ဝှေ့တွင် မာဂုဏ်ကောင်းလျင် လူကြိုက်များသော်လည်း အမှတ်ပေးစနစ်ကျင့်သုံးသည့် Thai Fight တွင် မာဂုဏ်ဖြင့် အနိုင်ရရှိရန်မလွယ်ကူကြောင်း လက်ဝှေ့ပရိသတ်များက သုံးသပ်မှုများရှိနေသည်။

ထို့အပြင် Thai Fight ၏ ဝါရင့်သမ္ဘာရင့် ဖိုက်တာဖြစ်သော ဆန်ချိုင်းနှင့် မင်းရဲကျော်စွာ (အောင်ဟိန်း) တို့၏ လက်ရည်မှာ ကွာလွန်ကြောင်း အသက် (၄၄) နှစ်ပြည့်တော့မည့် ဆန်ချိုင်းမှာ အသက်အရွယ် ကြီးလာပြီဖြစ်သော်လည်း လက်ရည်များစွာကျန်ရှိနေသေးကြောင်း မင်းရဲကျော်စွာ အနေဖြင့် အတွေ့အကြုံကောင်းများစွာ ရရှိစေရန်မျှော်လင့်ကြောင်း မြန်မာလက်ဝှေ့ပညာရှင်များက သုံးသပ်ထားသည်။

မင်းရဲ‌ကျော်စွာနှင့် Thai Fight မှ ဝါရင့်ဖိုက်တာ ဆန်ချိုင်းတို့သည် လာမည့် ဖေဖော်ဝါရီလ (၂၅) ရက် ညနေပိုင်းတွင် ထိုးသ-တ်ကြမည်ဖြစ်ပြီး Online မှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Photo –  Thai Fight : King Of Muay Thai


LEAVE A REPLY

Please enter your comment!
Please enter your name here