အီရန်အမျိုးသားတစ်ဦးက ဖခင်အပါအဝင် ဆွေမျိုးသားချင်း ၁၂ ဦးကို ‌ေ-သနတ်နဲ့ ပ-စ်သ-တ်မှုဖြစ်ပွား

0
167

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ဝေးလံသီခေါင်တဲ့ ကျေးလက်ဒေသတစ်ခုမှာ စနေနေ့က အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဟာ ဆွေမျိုးသားချင်း ၁၂ ဦးကို ‌ေ-သနတ်နဲ့ ပ-စ်သ-တ်ခဲ့တယ်လို့ သိရပြီး ဒီဖြစ်စဉ်ဟာ ဆယ်စုနှစ်တွေအတွင်း လူ‌ေ-သဆုံးမှုအများဆုံး ပ-စ်ခ-တ်မှုဖြစ်စဉ်လို့ ဆိုပါတယ်။

စနေနေ့ မနက်ပိုင်း ကျေးရွာတစ်ရွာမှာ မိသားစု အငြင်းပွားမှုဖြစ်ရာကနေ ‌ေ-သနတ်သမားက ဖခင်၊ ညီနဲ့ အခြား ဆွေမျိုးသားချင်းတွေကို ပ-စ်ခဲ့တာဖြစ်တယ်လို့ ကာမန်ပြည်နယ် တရားရေးဋ္ဌာန အကြီးအကဲ အီဘရာဟင် ဟာမီဒီက ISNA သတင်းဋ္ဌာနကို ပြောဆိုပါတယ်။ ကျူးလွန်သူဟာ ကလက်ရှ်နီကော့ဗ် ချေမှုန်းရေးရိုင်ဖယ်တစ်လက်ကို အသုံးပြုခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပြီး သူ့ရဲ့ အမည်နာမကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပ-စ်ခ-တ်မှုဖြစ်စဉ်တွေ ရံဖန်ရံခါ ဖြစ်ပွားမှုရှိပေမယ့် အမဲလိုက်ရိုင်ဖယ်အမျိုးအစားကိုသာ တရားဝင် ကိုင်ဆောင်ခွင့်ပြုထားတဲ့ အီရန်နိုင်ငံမှာ ယခုဖြစ်စဉ်က လူ‌ေ-သဆုံးမှုအများဆုံး ပ-စ်ခ-တ်မှုဖြစ်စဉ်လို့ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်က နိုင်ငံ အနောက်ပိုင်းဒေသမှာ နိုင်ငံပိုင် ဘဏ္ဍာရေးလုပ်ငန်းစုတစ်ခုမှ ထုတ်ပယ်ခံခဲ့ရတဲ့ ဝန်ထမ်းတစ်ဦးဟာ သူ့ရဲ့ လုပ်ငန်းခွင်ဟောင်းမှာ ပ-စ်ခ-တ်မှုကျူးလွန်ခဲ့တာကြောင့် လူ သုံးဦး ‌ေ-သဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပြီး သူ့ကိုယ်သူလည်း ပ-စ်သ-တ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်က အီရန်တောင်ပိုင်း ကျေးလက်ဒေသတစ်ခုမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆွေမျိုးသားချင်း ၁၀ ဦးကို ပစ်သ-တ်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။

Ref: abc NEWS


LEAVE A REPLY

Please enter your comment!
Please enter your name here