အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ ရန်ကုန်တွင်အများဆုံးဖြစ်

0
199

အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် နိုင်ငံသားရင်းနှီး မြှုပ်နှံမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဝင်ရောက်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလီယံကျော်ရှိပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၉ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံ မှု ဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလီယံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၃၄၅၆၇ ဒသမ ၅၀၆ ( ကျပ် ၃၄ ဘီလီယံကျော်)ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး မွန်ပြည်နယ်အတွင်းသို့ ကျပ်သန်း ၁၆၄၅၀ ဒသမ ၀၀၀ (၁၆ ဘီလီယံကျာ်) ဖြင့် တတိယအများဆုံး ဝင်ရောက်ခဲ့ကြောင်း  သိရသည်။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသည့် အပိုင်းတွင် ကွန်ဒို၊ တိုက်ခန်းများထက် မြေကွက်အရောင်းအဝယ်များ အလုပ်ပိုဖြစ်နေပြီး ရန်ကုန်မြို့တွင် ပျမ်းမျှအားဖြင့် ငွေပမာဏ ကျပ်သိန်း ၅ ထောင်ပတ်ဝန်းကျင် မြေကွက်များအဝယ်လိုက်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here