မံစီမြို့နယ်၊ စီခမ်းကြီးတိုက်ပွဲကြောင့် ဒေသခံအချို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

0
222

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၇)ရက် နံနက် (၅)နာရီအချိန်မှစတင်၍ တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ နှစ်ဖက်ထိ‌တွေ့တိုက်ပွဲကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိသကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် အရေအတွက်မည်မျှရှိသည်ကို အ‌သေးစိတ်သိရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲသည် တပ်မတော်၏ စခန်းတစ်ခုအား KIA လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု သိရသည်။

ယခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ကချင်ပြည်နယ် မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်အတွင်းရှိ မံဝိန်းကြီး၊ ကိုက်ထိပ်နှင့် ဘလောင်ဒိန်ဆာ စခန်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ၊ စီခမ်းကြီးကျေးရွာတွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ (၂,၀၀၀)ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here