အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌတတ်ရောက်

0
212

(၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ ညီလာခံ၊ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲနှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများညီလာခံ၊ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (59th SEACEN Governors’ Conference / High Level Seminar) နှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို “စီးပွားရေးလေဆန်ခရီးနှင့် ခေတ်မီနည်းပညာရပ်များနှင့် ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်နိုင်ခြင်းတို့အပေါ် အမြင်နှင့်စိန်ခေါ်မှုများ” (Navigating Economic Headwinds and Advancing Financial Inclusion: Perspective and Challenges) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

ကမ္ဘာ့စီးပွားရေးနှင့် ထွန်းသစ်စ ဈေးကွက်နိုင်ငံများ၏ စီးပွားရေးအလားအလာအပေါ် သုံးသပ်ခြင်း (Insights on the Global and Emerging Markets Economic Outlook) ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး Ms. Petya Koeva Brooks က လည်းကောင်း၊“ငွေဖောင်းပွမှုရည်မှန်းချက် ၂ ရာခိုင်နှုန်းရရှိရေးအတွက် ရှေ့ဆက်ရင်ဆိုင်ရမည့်စိန်ခေါ်မှုများ” (The Road to 2% Inflation Target, which challenges ahead?) ခေါင်းစဉ်တို့ဖြင့် Banque de France ဥက္ကဋ္ဌ Mr. Francois Villeroy de Galhau ကလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် အိန္ဒိယနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနှင့် Bilateral Meeting ပြုလုပ်၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် အိန္ဒိယရူပီးနှင့် မြန်မာကျပ်တို့ တိုက်ရိုက်အသုံးပြုရေးနှင့် နှစ်နိုင်ငံအကြား ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here