မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲက ပ-စ်ခ-တ်လို့ နှစ်ဦး‌ေ-သ အများအပြား ဒဏ်ရာရ

0
195

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ် Churachandpur ခရိုင်မှာ ကြာသပတေးနေ့နှောင်းပိုင်းက လုံခြုံရေးတပ်ဖွဲ့ရဲ့ ပ-စ်ခ-တ်လူစုခွဲမှုကြောင့် နှစ်ဦး ‌ေ-သဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။ ယင်းဒေသမှာ ဆူပူအကြ-မ်းဖ-က်မှုတွေ ကြိုကြားကြိုကြား ဆက်လက်ပေါ်ပေါက်နေခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိပ်စပ်နေပြီး စီးပွားရေး အကျိုးအမြတ်နဲ့ မျိုးနွယ်စုဆိုင်ရာ ဆက်နွယ်မှုတွေရှိနေတဲ့ ပြည်နယ်မှာ လူများစုကသည်း လူမျိုးတွေနဲ့ လူနည်းစု ကူကီးအသိုင်းအဝိုင်းတွေအကြား ပြီးခဲ့တဲ့ မေလကစလို့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာခဲ့မှုအတွင်း ‌ေ-သဆုံးရသူ ၂၀၀ နီးပါးရှိနေပြီလို့ သိရပါတယ်။ ယင်းဖြစ်စဉ်တွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေသူ ထောင်ချီရှိနေသေးတယ်လို့လည်း သိရပါတယ်။

ကူကီ-ဇို မျိုးနွယ်စုတွေ အဓိကနေထိုင်ရာနယ်မြေဖြစ်တဲ့ Churachandpur ခရိုင်မှာ မေလအတွင်း အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လူမျိုးရေး ပဋိပက္ခတွေကို မြင်တွေ့ခဲ့ရတဲ့ ပြည်နယ်ရဲ့ ပထမဆုံးသောဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။

လက်နက်ကိုင် အမျိုးသားတွေနဲ့ တွဲရိုက်ထားတဲ့ ကူကီးရဲတပ်သားတစ်ဦးရဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့မှုအတွက် ခရိုင်ရဲတပ်ဖွဲ့က သူ့ကို ရာထူးဆိုင်းငံ့မိန့် ထုတ်လိုက်ပြီးနောက် ကြာသပတေးနေ့မှာ အကြ-မ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အရေအတွက် ၄၀၀ လောက်ရှိတဲ့ လူအုပ်ဟာ ည ၇ နာရီခွဲဝန်းကျင်မှာ ခရိုင်ရဲချုပ်ရုံးကို ဝင်စီးခဲ့ကြပြီး ဆိုင်းငံ့မိန့်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ လူအုပ်ဟာ မြို့လယ်အချက်အချာရှိ ခရိုင်ရဲချုပ်ရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတို့တည်ရှိရာ အဆောက်အအုံကို တိုက်ခိုက်မှုတွေလုပ်ခဲ့ကြပါတယ်။

“သူတို့က ဂိတ်ပေါက်တွေ၊ အဆောက်အအုံ နံရံတွေကို ကျော်တက်ခဲ့ပါတယ်။ မော်တော်ယာဉ် တော်တော်များများကို မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းမှာတော့ ဒုတိယ ကော်မရှင်နာရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားပါတယ်” လို့ အကြီးတန်း ရဲအရာရှိတစ်ဦးက ဖုန်းနဲ့ ဖြေကြားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ပထမမှာ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြေအနေအရ ပ-စ်ခတ်မှုလုပ်ခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ ယင်း အရာရှိက ပြောဆိုခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့သူ ၂၅ ဦးခန့်ကို ဆေးရုံမှာ ကုသမှုပေးနေတယ်လို့ ယင်းအရာရှိက ပြောဆိုပါတယ်။

အာဏာပိုင်တွေက Churachadpur ခရိုင်မှာ နောက် ငါးရက်ကြာအထိ မိုဘိုင်းလ် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလိုက်ကြောင်း သိရပါတယ်။

Ref: The Daily Star


LEAVE A REPLY

Please enter your comment!
Please enter your name here