အမေရိကန် အကူအညီနှောင့်နှေးနေချိန်တွင် ယူကရိန်း မြို့များလက်လွတ်ဆုံးရှုံးနိုင်ဟု ဘိုင်ဒင်ဆို

0
204

အမေရိကန်က ထောက်ပံ့ကူညီမှုများ နှောင့်နှေးနေချိန်တွင် ယူကရိန်းတပ်များသည် Avdeyevka ကို စွန့်လွှတ်လိုက်ရပြီးနောက် အခြားမြို့များပါ ထပ်မံဆုံးရှုံးနိုင်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဝန်ခံခဲ့သည်။

ယူကရိန်းစစ်တပ်တွင် ခဲယမ်းမီးကျောက်များ ကုန်ခမ်းနေချိန်တွင် ယူကရိန်းကို ထောက်ပံ့ကူညီရန် ငြင်းဆိုခြင်းသည် အဓိပ္ပာယ်မဲ့ပြီး သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်သွားလိမ့်မည်ဟုလည်း အမေရိကန် သမ္မတက ပြောသည်။ “သူတို့လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေ ရဖို့အတွက် ကျွန်တော် တိုက်ပွဲဝင်မှာပါ” ဟု မစ္စတာဘိုင်ဒင်က မှတ်ချက်ပြုသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း အမာခံနယ်မြေဖြစ်သည့် Avdeyevka မြို့အား ယူကရိန်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းအတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်၏ လုပ်ဆောင်ချက်မှားယွင်းမှုအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြစ်တင်ဝေဖန်ခဲ့သည်။ ယူကရိန်းဖက်မှ လိုအပ်နေသည့် စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၆၀ သည် ကွန်ဂရက်လွှတ်တော်အတွင်း ကန့်ကွက်မှုများကြောင့် အတည်ပြုချက်မရ ဖြစ်နေချိန်တွင် Avdeyevka မြို့ကျဆုံးသွားခြင်းဖြစ်သည်။

ရှေ့တန်းတွင် လက်နက်ခဲယမ်းများ ကုန်လုနီးပါးဖြစ်နေသည့် ယူကရိန်းသို့ အကူအညီသစ်များ ထပ်မံပေးပို့ရန်ကိုလည်း အမေရိကန် ကွန်ဂရက်လွှတ်တော်က ကန့်ကွက်ခဲ့သဖြင့် အမေရိကန်အနေဖြင့် ယူကရိန်းသို့ လက်နက်များထောက်ပံ့မည့် အကူအညီအား လောလောဆယ်တွင် ဆက်လက်‌ထောက်ပံ့နိုင်ခြင်းမရှိတော့သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် ယင်းအကူအညီများကို နှစ်ဆတိုးကူညီရမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများက ယမန်နေ့က ရေးသားဖော်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here