(၁၃)ရက်ကြာ စစ်ရှောင်နေကြသည့် ဇရပ်ကြီး စစ်ရှောင်ပြ ည်သူ (၅၀၀)ကျော် နေရပ်ပြန်

0
165

တိုက်ပွဲကြောင့် (၁၃) ရက်ကြာ စစ်ရှောင်နေကြသည့် ဇရပ်ကြီးမြို့ ဒေသခံ စစ်ရှောင်ပြည်သူ (၅၀၀)ကျော် နေရပ်ပြန်သို့ ပြန်ကြပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရှောင်အရေးဆော င်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယခုကဲ့သို့ နေရပ်သို့ ပြန်ကြသည့် စစ်ရှောင်အများစုမှာ ဇရ ပ်ကြီးမြို့ ပတ်ဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသူများဖြစ်ပြီး မြို့ပေါ်နေ ပြည်သူအများစုမှာ စစ်ရှောင်စခန်းများတွင် ဆက်လက် ခိုလှုံနေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၁၈) ရက်တွင် နေရပ်ပြန်စစ်ရှောင် ဦး ရေ (၆၀)ကျော်အား ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ယနေ့အချိန်အထိ နေရပ်ပြန်လည် ပို့ဆောင်မှု (၁၀) ကြိမ် ရှိပြီဖြစ်သည်ကြောင်း သိရသည်။

” မြို့ပေါ်က စစ်ရှောင်တွေ မပြန်ကြသေးဘူး။ ဘေးပတ်ဝန်း ကျင်ရွာက သူတွေတော့ ပြန်ချင်တယ်ဆိုလို့ နေ့စဉ်လိုက်ပို့ပေးနေရတယ်။ သူတို့က တောင်ယာသမားတွေလေ။ တိုက် ပွဲက ငြိမ်သွားပါပြီ။ နောက်ရက်တွေလည်း မြို့ပေါ်နေတဲ့သူတွေလည်း ပြန်ဖို့ဆက်သွယ်ထားတာရှိပါတယ်။ အခုအချိန်အထိ နေရပ်ပြန်တွေကို ပို့ဆောင်တာ (၁၀)ကြိမ်ရှိပါပြီ။မြို့ပေါ်မှာနေတဲ့ အိမ်ထောင်စု တစ်စု နှစ်စုလောက်ဘဲ ပြန်တာရှိတယ်။ သူခိုးတွေသောင်းကျန်းနေလို့ပါ”ဟု ရှင်းပြသည်။

ဇရပ်ကြီးစစ်ရှောင်ပြည်သူများအတွက် တောင်ငူမြို့၌ စစ်ရှောင်စခန်း (၄၆) နေရာ ဖွင့်လှစ်ထားရှိရာ နေရပ်ပြန်သူများရှိလာသဖြင့် အဆိုပါ စခန်းများတွင် စစ်ရှောင်ပြည်သူ (၆,၀ ၀၀)ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

နေရပ်ပြန်သူများအတွက် ဒေသတွင်းလူမှုကူညီရေးအဖွဲ့များက တစ်အိမ်ထောင်လျှင် ကျပ်ငွေ သုံးသောင်း လှူဒါန်းခဲ့ကြသည့်အပြင် ဆန်၊ ဆီနှင့် ဟင်းချက်စရာအချို့ကိုပါ ပေးအ ပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် ဒေသတွင်း စစ်ရှောင်ပြည်သူ (၈,၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ-အရှင်စန္ဒော ဘာသ


LEAVE A REPLY

Please enter your comment!
Please enter your name here