ရန်ကုန် – မန္တလေး အမြန်လမ်း (၁၁)မိုင် (၃)ဖာလုံတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး အသက်ဆုံးရှုံး

0
211

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁) မိုင် (၃)ဖာလုံ၌ ယနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသ ည်။

ဖေဖော်ဝါရီ (၁၉) ရက်၊ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်ခန့်က ရန်ကုန် – မန္တလေး အမြန်လမ်းမ (၁၁)မိုင် (၃)ဖာလုံတွင် ခရီး သည်တင်ယာဉ်နှင့် ဘောက်ကားတို့ တိုက်မိကြောင်း သတင်းအရ (၁၁) မိုင် အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး Dead Body အား Medical လူငယ်များအသင်း သူနာတင်ယာဉ်နှင့် ညာတိသင်္ဂဟအသင်းသူနာတင်ယာဉ်တို့ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here