လာအိုနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်

0
182

လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် မြန်မာနိုင်ငံက အားပေးထောက်ခံလျက်ရှိပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောသည်။

လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် လာအိုနိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Saleumxay Kommasith အား ဖေဖော်ဝါရီ (၁၆)ရက် နံနက် (၉) နာရီခွဲအချိန်က လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက် ဂါရဝပြုတွေ့ ဆုံစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ခဲ့ကြောင်း နိုင်ငံခြားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံစဉ် အာဆီယံမူဘောင်အောက်မှ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် မြန်မာအစိုးရမှ ကြိုးပမ်း အကောင်အထည်ဖော်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာ – လာအို နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရေး၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး၊ အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးတို့ကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်မူခင်းများ တားဆီးနှိမ်နင်းရေး၊ ကာကွယ်ရေးကဏ္ဍနှင့် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်သွားရေးနှင့် အခြားအလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို ရှာဖွေဖော်ဆောင်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here