တောင်ဥက္ကလာ (၁၆)ကွေ့ မီးပွိုင့်တွင် အငှားယာဉ်နှင့် စက်ဘီးတိုက်မိပြီး အမျိုးသား (၂)ဦး ဒဏ်ရာရ

0
106

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ (၁၆)ကွေ့ မီးပွိုင့်တွင် အငှားယာဉ်နှင့် စက်ဘီးတို့ မတော်တဆတိုက်မိပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

ဖေဖော်ဝါရီ (၁၈)ရက်၊ ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်၊ (၁၆)ကွေ့မီးပွိုင့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိသဖြင့် Medical လူငယ်များလူမှုကူညီရေး အသင်းရုံးချုပ် (ရန်ကုန်)မှ လူနာတင်ယာဉ် (၁) စီးဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသော အမျိုးသား (၂) ဦးအား မြေပြင်ဆေးကုသမှုပြုလုပ်ပြီး Medical လူငယ်များ လူမှုကူညီရေးအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here