တစ်လခွဲအတွင်း ဗဟိုဘဏ်မှ ဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ်သန်း ၉၀၀ ရောင်းချပေးထား

0
271

တစ်လခွဲအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်းနှင့် ထိုင်းဘတ် သန်း ၉၀၀ ရောင်းချပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယနေ့ ဖေဖေါ်ဝါရီ (၁၉) ရက်တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံထုတ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာထုတ်ရောင်းပေးမှုအနေဖြင့် ဇန်နဝါရီ (၁) ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ (၅) ရက်တွင် ဒေါ်လာ ၁၆ သန်း၊ဇန်နဝါရီ (၁၅)ရက် တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ (၂၅) ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ (၂၆) ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ (၂၉) ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ (၁) ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ (၅) ရက်တွင် ဒေါ်လာ ၁၁ သန်း၊ ဖေ‌ဖော်ဝါရီ (၈) ရက်တွင် ဒေါ်လာ ၈ သန်းနှင့် ဖေ‌ဖော်ဝါရီ (၁၄) ရက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်းနှင့် ဖေဖော်ဝါရီ (၁၅) ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ (၁၉) ရက်တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ လူသုံးကုန်အများဆုံးတင်သွင်းသည့် ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရေးတွင် အဆင်ပြေစေရန်အတွက် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ (၁၉) ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန် နဝါရီ (၂၅) ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ (၂၆) ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ဖေဖော်ဝါရီ (၇) ရ က်တွင် ထိုင်းဘတ်သန်း ၂၀၀ နှင့် ဖေဖော်ဝါရီ (၁၅) ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ ၊ဖေဖော်ဝါရီ (၁၉) ရက်တွင် ထို င်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လအတွင်း စု စုပေါင်း ထိုင်းဘတ်သန်း ၉၀၀ ထုတ်ရောင်းပေးထားကြော င်း သိရသည်။

ထို့အပြင် ဇန်နဝါရီ (၁) ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ် ပေးခြင်း)စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားကြော င်း သိရသည်။

အလားတူ လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးထားကာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွ က် ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရောင်းချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here