နေတိုးတပ်ဖွဲ့ဝင်များက ကြေးစားစစ်သားများ အသွင်ဆောင်ကာ ယူကရိန်းဖက်မှ ကူညီတိုက်ခိုက်ပေး

0
375

အနောက်နိုင်ငံများက ယူကရိန်းတို့အား ထောက်ပံ့ပေးထားသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် နည်းဗျူဟာမြောက် စနစ်များကို နေတိုးစစ်အုပ်စုဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် ကြေးစားစစ်သားများ အသွင်ဆောင်ကာ ကိုင်တွယ် တိုက်ခိုက်ပေးနေကြောင်း ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဂေး ရူဒက်စ်ကွိုင်က Krasnaya Zvezda သတင်းစာနှင့် အင်တာဗျူးတွင်ပြောကြားခဲ့သည်။

“နေတိုးစစ်သည်များသည် ကြေးစားစစ်သားများ အသွင်ဆောင်ကာ မြေပြင် ပစ်ခတ်တိုက်ခိုက်မှုများတွင်ပါ၀င် တိုက်ခိုက်ပေးနေကြသည်။ ထို့အပြင် ၎င်းတို့သည် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ နည်းဗျူဟာမြောက် ဒုံးကျည်ပစ်လွှတ်မှုစနစ်များအပါအဝင် တို က်ခိုက်ရေး စနစ်မျိုးစုံကိုပါ ထိန်းချုပ်ကိုင်တွယ်ပေးလျှက်ရှိပြီး ယင်းနေတိုးစစ်သည်များသည် ယူကရိန်း ချေမှုန်းရေးတပ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆာဂေး ရူဒက်စ်ကွိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရုရှားတပ်ဖွဲများသည် Donetsk ပြည်သူ့သမ္မတနိုင်ငံ(DPR)တွင်းရှိ Avdeyevka မြို့ကို ဖေဖော်ဝါရီ ၁၇ ရက်က စတင်၍ အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းမြိုမှပတ်ပတ်လည် ၈ ဒသမ ၆ ကီလိုမီတာအကွာအထိ ဆက်လက်ချီတက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းကိုလည်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုအခါတွင်မူ ဆုတ်ခွာသွားကြသော ယူကရိန်းတပ်များက ချန်ထားခဲ့သည့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ယူကရိန်းတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းကိုလည်း ယင်းတို့ပိတ်မိနေသည့် နေရာများမှ ကယ်ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးများကို ဆက်လက်ဆောင်ရွက်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here