ပြင်သစ်မှာ လစ်သီယံ ဘက်ထရီ တန် ၉၀၀ သိုလှောင်ထားရာ recycling စက်ရုံ မီးလောင်မှုဖြစ်ပွား

0
143

ပြင်သစ်နိုင်ငံ တောင်ပိုင်းက ဘက်ထရီ recycling စက်ရုံတစ်ခုမှာ လစ်သီယံ ဘက်ထရီ တန် ၉၀၀ ခန့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောဆိုပြီး မီးလောင်မှုဖြစ်ပွားရာ စက်ရုံကောင်းကင်ယံမှာ မီးခိုးမည်းတွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ သိရပါတယ်။

တူးလော့စ်မြောက်ပိုင်း Viviez မြို့ရှိ ပြင်သစ် recycling အုပ်စု SNAM ပိုင် သိုလှောင်ရုံတစ်ခုမှာ စနေနေ့က မီးလောင်မှုဖြစ်ခဲ့တာလို့ ဒေသဆိုင်ရာ ကောင်စီဝင် ပါစကယ် မာဇက်က X မှာ ထုတ်ပြန်ပြောဆိုပါတယ်။

လစ်သီယံ ဘက်ထရီဟာ ဖုန်းတွေမှသည် လျှပ်စစ်ကားတွေအထိပါဝင်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေမှာ မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားရာ စက်ရုံနယ်မြေမှာ မီးခိုးမည်းတွေ ထွက်ပေါ်နေတာကို ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ပြီး မီးသတ်သမား ၇၀ ခန့်က မီးကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့တယ်လို့ Le Monde သတင်းစာက ဆိုပါတယ်။

Viviez မြို့ပါဝင်တဲ့ Aveyron စီရင်စုရဲ့ ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ ချားလ်စ် ဂလပ်စတီကတော့ စက်ရုံအနီးဝန်ကျင်မှာ နေထိုင်သူတွေအပေါ် အန္တရာယ်ဖြစ်စေတာ မရှိဘူးလို့ ဆိုခဲ့ပါတယ်။ စက်ရုံရဲ့ လုံခြုံရေးဆိုင်ရာ စာတမ်းတစ်ခုအရ အကြီးစားမီးလောင်မှုမျိုးဖြစ်ပွားခဲ့ရင် ထုတ်ကုန်များဟာ မီးခိုးငွေ့တွေကတဆင့် ကမ်မီယမ် ထုတ်လွှတ်မှုဖြစ်ပေါ်နိုင်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။

ကမ်မီယမ်ဟာ ပတ်ဝန်းကျင်အတွက် အလွန်အဆိပ်အတောက်ဖြစ်စေပြီး အန္တရာယ်ရှိစေတယ်လို့ ဆိုပါတယ်။

Ref: U.S News


LEAVE A REPLY

Please enter your comment!
Please enter your name here