တော်ဝင်စော်ကားမှုနှင့်ပတ်သက်၍ အစိုးရရှေ့နေနှင့် သက်ဆင်တွေ့ဆုံခဲ့

0
145

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် သြဇာကြီးသောဘုရင်စနစ်ကိုစော်ကားခဲ့သည်ဟူသောစွပ်စွဲချက်များအား ဆွေးနွေးရန်အတွက် တနင်္လာနေ့က အစိုးရရှေ့နေများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

သက်ဆင်သည် ၎င်းအား နောက်တစ်ကြိမ်ပြစ်ဒဏ်ချမှတ်နိုင်သည့် အဆိုပါကိစ္စရပ်အားဆွေးနွေးစဉ်တွင် အမှန်တကယ်နေမကောင်းဖြစ်နေပုံ‌ပေါ်သည်ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မစ္စတာသက်ဆင်သည် နိုင်ငံမှ ၁၅ နှစ်ကြာ ပြည်ပြေးအဖြစ်နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဩဂုတ်လကပြန်လည်ရောက်ရှိလာခဲ့သည်။ရောက်ပြီးချိန်၌ ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံခဲ့ရသော်လည်း လျှော့ရက်များအပြင် ခံဝန်ဖြင့် ကျန်းမာရေးအခြေအနေအရမနေ့ကပြန်လည်လွတ်မြောက်လာခဲ့သည်။

သက်ဆင်ခံစားနေရသည့် ကျန်းမာရေးပြဿနာများကို ရှင်းရှင်းလင်းလင်းမသိရသေးသလို အသေးစိတ် အချက်အလက်များကို ဆရာဝန်များနှင့်၎င်း၏ မိသားစုများက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ရှေ့နေချုပ်ရုံးသည် မစ္စတာသက်ဆင်အားတော်ဝင်စော်ကားမှုနှင့်ပတ်သက်၍ တရားစွဲသင့်မစွဲသင့်မဆုံးဖြတ်မီ နောက်ထပ်စုံစမ်းမှုများ ထပ်မံပြုလုပ်ရန်လိုအပ်သေးသည်ဟုလည်းပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တရားစွဲရန်သင့်မသင့်ကိုမူ ဧပြီလ ၁၀ ရက်နေ့၌ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်အား “ရိုသေလေးမြတ်သော ကိုးကွယ်မှု” ဖြင့်သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ထိုင်းတွင် ဘုရင်စနစ်အားစော်ကားခြင်းသည် ကြီးလေးသောပြစ်မှုတစ်ခုလည်းဖြစ်သည်။

Ref : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here