မြန်မာ – ဘယ်လာရုစ် သံတမန်ဆက်သွယ်မှု (၂၅)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်နိုင်ရေး နှစ်နိုင်ငံ သံအမတ်တို့ ဆွေးနွေး

0
142

၂၀၂၄ ခုနှစ်တွင် ကျရောက်မည့် မြန်မာ – ဘယ်လာရုစ် သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၂၅)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်နိုင်မှုများ ပြုလုပ်နိုင်ရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး Mr. Uladzimir Baravikou တို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ (၁၉)ရက်၊ နံနက် (၁၀)နာရီက တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာ၌ ၂၀၂၄ ခုနှစ်တွင် ကျရောက်မည့် မြန်မာ – ဘယ်လာရုစ် သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၂၅)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်နိုင်မှုများ ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကဏ္ဍမြှင့်တင်သွားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာကျောင်းသားများအတွက် ဘယ်လာရုစ်နိုင်ငံမှ ပညာသင်ဆုများ ပိုမိုပေးအပ်သွားရေးအပါအဝင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက် ဆွေးနွေးရာတွင် နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ဒုတိယ ဝန်ကြီးချုပ်က အသိပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here