အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းသို့ပြောင်းတင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး

0
196

ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေးကြောင်း ပြောင်းလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်၌လည်း ပြောင်းဈေးနှုန်းသည် မြင့်တက်လာခြင်းမရှိသော်လည်း ယခင်ထက် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြောင်းဆံတစ်ပိဿာ ၁,၂၀၀ ကျပ် ဈေးရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလတွင် တစ်ပိဿာ ၁,၁၂၀ ကျပ်အထိ ကျဆင်းသွားကြောင်း၊လက်ရှိတွင်လည်း ကမ္ဘာ့ပြောင်းဈေးသည်လည်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြောင်းဈေးနှုန်းသည် ရန်ကုန်တွင် တစ်ပိဿာ ၁၁၂၀ မှ ၁၁၄၀ ကျပ်၊ မန္တလေးတွင် ၁၀၃၀ မှ ၁၀၆၀ ကျပ်ဖြစ်ကြောင်း ကုန်စည်ဒိုင်များတွင်ဖော်ပြထားသည့်ဈေးနှုန်းများအရ သိရသည်။

လက်ရှိတွင် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ စတင် တင်ပို့လျက်ရှိပြီး ၊မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့ရန် ပြင်ဆင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အဆိုပါဒေသတွင်စိုက်ပျိုးထားသည့် ပြောင်းအနည်းငယ်ကိုသာ တင်ပို့နေကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ပြောင်း၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းသို့တင်ပို့မည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်၊အာဖရိကသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့်  တန်ချိန်ချိန် ၂ သန်းခန့် တင်ပို့လျက်ရှိကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ ပြည်ပသို့ ပြောင်းတန်ချိန် ၁ သန်းခွဲကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here