ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို (၁၅) ရက် ကြာကျင်းပမည် 

0
323

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်း အငူ၌ တည်ရှိသော ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ (၁၀) ရက်မှ (၂၄) ရက်အထိ (၁၅) ရက်ကြာ စည် ကားစွာကျင်းပရန်  စီစဉ်ထားကြောင်း စေတီဂေါပကအဖွဲ့ဝင် ဦးကျော်စွာဝင်း၏ ပြောပြချက်အရ သိရသည်။

ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ တော်မြတ်ကြီးတွင် နှစ်စဉ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ကိုဗစ်ကာလတွင် အကျဉ်းချုံးကျင်းပခဲ့သည်။

အဆိုပါ ဘုရားပွဲတော်သို့ ပြည်တွင်း ဘုရားဖူးအများအပြား လာရောက်လေ့ရှိကြောင်း၊ ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးခရီးသွား ပြည်သူများအနေဖြင့် သွားလာမှုလွယ်ကူစေရန်အတွက် ရန်ကုန်မြို့မော်တင်ဆိပ်ကမ်းနှင့် ဘုန်းကြီးလမ်းဆိပ်ကမ်းတို့မှ လုံခြုံစိတ်ချရသည့် ကမ်းရိုးတန်း သွားရေယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသည့်အပြင် စင်းလုံးငှား လေအိတ်မှန်လုံ မော်တော်ယာဉ်များဖြင့် စေတီတော်တည်ရှိရာ တောင်ခြေအထိ တိုက်ရိုက်သွားလာဖူးမြော်နိုင်အော င် စီစဉ် ပေးထားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here