လမိုင်းမြို့တွင် မွန်တိုင်းရင်းသား ရိုးရာပွဲတော် ဆီမီး လှည့် လည်ပူဇော်ပွဲ ကျင်းပမည်

0
174

မွန်ပြည်နယ်၊ လမိုင်းမြို့တွင် မွန်တိုင်းရင်းသား ရိုးရာပွဲတော် ဆီမီးလှည့်လည် ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို တပို့တွဲလပြည့်ည ဖေဖော်ဝါရီ (၂၄) ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာအစီအစဉ်အတိုင်း စည် ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

တပို့တွဲလပြည့်ည ဆီမီးလှည့်လည်ပူဇော်ပွဲတွင် လူငယ်လူ ရွယ်များ၊ ကျောင်းသားကျောင်းသူများက မွန်ရိုးရာဝတ်စုံများဖြင့် ဆီမီးတိုင်များကိုင်ကာ လမိုင်းမြို့တစ်ပါတ်လှည့် လည်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ရိုးရာ ဓလေ့ဖြင့် နှစ်စဉ်တပို့တွဲ လပြည့်နေ့ ကျရောက်တို င်း ဖယောင်းတိုင်မီးနှင့် လှည့်လည်ပူဇော်ပွဲကို နှစ်စဉ် ကျင်း ပလေ့ရှိပြီး ဆီးမီးလှည့်လည် ပူဇော်ပွဲကို ညနေ (၅) နာရီမှ (၇) နာရီအတွင်း လမိုင်းမြိုအတွင်းသို့ လှည့်လည်မည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here