နိုင်ငံကူးလက်မှတ် ထုတ်ယူမှုနှင့် ပတ်သက်၍ ကောလဟာလသတင်းများထုတ်ပြန်ကာ ငွေကြေးအဆမတန်တောင်းခံသူများနှင့် ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်

0
220

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ် သက်ပြီး ကောလဟာလသတင်းများထုတ်ပြန်ကာ ငွေကြေးအဆမတန်တောင်း ခံသူများနှင့် ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေး‌ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ် သက်ပြီး ကောလဟာလသတင်းများ ထွက်ပေါ်နေပြီး နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကာအမှန်တကယ် သွားရောက်လိုသူများကို ယခင်ကသတ်မှတ်ထားသည့် လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

ထို့အပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စီစစ်ထုတ် ပေးလျက်ရှိကြောင်းလည်း သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊လွိုင်ကော်၊မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ် ၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင်လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here