မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ပူတင်က ရုရှားလုပ်ကား လက်ဆောင်ပေး

0
295

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ရုရှားလုပ်ကားတစ်စီး လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ရေးသား ဖော်ပြထားသည်။

ကားအမျိုးအစားနှင့် မော်ဒယ်ကိုမူ ယင်းသတင်းတွင် ထုတ်ဖော်ပြောကြားခြင်းမသော်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်တွင် မြောက်ကိုရီးယားခေါင်းဆောင်သည် ရုရှားနိုင်ငံမှ ထုတ်လုပ်သော Aurus ဇိမ်ခံကားကို စိတ်ဝင်စားခဲ့ကြောင်း သိရသည်။

KCNA သတင်းဌာန၏ အဆိုအရ အဆိုပါ လက်ဆောင်ကားကို ကင်ဂျုံအွန်း၏ ညီမ မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ထုတ်ဝေရေးနှင့် သတင်းပြန်ကြားရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ကင်ယိုဂျုံ နှင့် အလုပ်သမား ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဂျုံချွန်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

“ဒီလက်ဆောင်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ ထူထောင်ထားတဲ့ အထူးချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် ထင်ရှားတဲ့ အထောက်အထားတစ်ခုအနေနဲ့ ပေးတာပါ။ ဒါဟာ ဖြစ်နိုင်သမျှ အကောင်းဆုံးလက်ဆောင်” ဖြစ်တယ်ဟု ကင်ယိုဂျုံကပြောသည်။ ထို့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကျေးဇူးတင်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here