နေပြည်တော်အတွင်း MSME ရင်းနှီးမြှုပ်နှံမှုများအတွက် ချေးငွေများ ထောက်ပံ့ပေးရန် လိုအပ်ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြောကြား

0
179

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဖွံဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများအတွက် အရင်းအနှီးချေးငွေများ ထောက်ပံ့ပေးရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားလိုက်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံဖြိုးရေးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ဖေဖော်ဝါရီ (၁၉)ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဖွံဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများအတွက် အရင်းအနှီးချေးငွေများ ထောက်ပံ့ပေးရေး အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများမြှင့်တင်၍ တိုးတက်အောင်ဆောင်ရွက်ပေးရေး၊ မိရိုးဖလာထုတ်လုပ်မှုမှ အဆင့်မြင့်နည်းပ ညာ စက်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်ရေး၊ကုန်ထုတ်ပစ္စည်းများ ဈေးကွက်များရရှိရေးအတွက် ချိတ်ဆက်ပေးရေးများဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

ထို့အပြင် Online Digital စနစ်ဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်များနှင့်ပတ်သက်၍ Action Plan များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး MSME တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ပို့ကုန်တိုးမြှင့်ထုတ်လုပ်ခြင်း၊ သွင်းကုန်အစားထိုး ပို့ကုန်များ ထုတ်လုပ်ခြင်း၊ ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ ထိုးဖော က်နိုင်ရေးအတွက် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ထုပ်ပိုးမှု နည်းပညာများ တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။

စွန့်ဦးတီထွင်သူများကို ဖိတ်ခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာများပေးခြင်း၊ သရုပ်ပြပညာပေး ဟောပြောခြင်းများ၊ အမယ်သစ်ပို့ကုန်ထုတ်လုပ်မှုများကို ပြည်တွင်းဈေးကွက်ထိုးဖောက်နိုင်ရေး၊ MSME လုပ်ငန်းများကို ဖွံဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းလည်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးက နေပြည်တော် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ငွေကြေးအရင်းအနှီး သွင်းအားစုများ ထောက်ပံ့ပေးနိုင်မှု၊ နည်းပညာများထောက်ပံ့ပေးမှု၊ ဈေးကွက်ရရှိရေး ဖန်တီးပေးမှု၊ အခြေခံအဆောက်အဦးများ ဆောင်ရွက်ပေးမှုနှင့် အခြားဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here