ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ဟု သံရုံးအသိပေး

0
305

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်လိုသူများ အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာ ကြိုတင်ရက်ချိန်းရယူမှုကို အွန်လိုင်းစနစ်ဖြင့်ပါ လက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံ ရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေခြင်းကြောင့် ဗီဇာလျှောက်ထားရာတွင် ရက်ချိန်းရယူခြ င်းနှင့်ပတ်သက်၍ နည်းလမ်း (၂) မျိုးဖြင့် ဆောင်ရွက်နေကြောင်း အသိပေးထားခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းသံရုံး၏ဝက်ဆိုဒ် www.thaiconsularyangon.com/visa/ (သို့မဟုတ်) QR Code သို့ ဝင်ရောက်ပြီး ဗီဇာရက်ချိန်းကို ထုတ်ပြန်သည့်နေ့မှစ၍ အွန်လိုင်းမှတဆင့်ရယူနိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ (၂၂)ရက်(ကြာသပတေး)နေ့မှစတင်၍ အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းကို တစ်ရက်လျှင်တိုကင်နံပါတ် ၂၀၀ နှုန်းဖြင့် ရက် (၃၀) ကြိုတင်၍ ရယူနိုင်မည်ဖြစ်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းရယူထားသူများသည် အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသောပုံ (သို့မဟုတ်) အီးမေးလ်မှ တဆင့်ပို့ပေးသော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်မည့်ရက်တွင် ယူဆောင်လာရမည်ဖြစ် ကြောင်း သိရသည်။

အလားတူ သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်းသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ထိုင်းသံရုံးရှေ့၌ ဗီဇာလျှောက်ထားရန် တိုကင်နံပါတ်များကို ဖေ ဖော်ဝါရီ (၂၂) ရက်နှင့် (၂၃) ရက်တို့အတွက် တစ်ရက်လျှင် ၂၀၀ နှုန်းဖြင့် ပေးဝေသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၆) ရ က်မှစ၍ သံ‌ရုံးရှေ့တွင် လူကိုယ်တိုင် ဗီဇာရက်ချိန်းရယူသ ည့် ပမာဏကို ရေတွက်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရက် ချိ န်းရယူခြင်း VABO စနစ်တစ်ခုသာ ပြောင်းလဲသတ်မှတ်နိုင်ခြင်းရှိမရှိကို သံရုံးမှတဆင့် အမြန်ဆုံးအကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here