ကျွန်းစုမြို့နယ်အတွင်းရှိ သယောကြီးကျွန်းကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

0
178

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွ င်းရှိ ဧရိယာ (၁၂၆၉) ဧက ကျယ်ဝန်းသော သယောကြီးကျွန်းကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ – ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အ မိန့်ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ (၁၅)ရက်မှ စတင်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း ကြေ ညာလိုက်ခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန် ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝစေရန်၊ ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ်ကာကွယ်ရန်၊ ဒေသခံများ သား၊ ငါး၊ ပုဇွန် စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရန်၊ ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ဒီရေတော ကြိုးဝိုင်း/ ကြိူးဝိုင်းပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သယောကြီးကျွန်းကို ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြင့် အဓိက ဒီရေတော သစ်မျိုးများဖြစ်သော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ မဒမ၊ ပင်လယ်အုန်းစသည့် အဖိုးတန် သစ်မျိုးများနှင့် လမု၊ ကန့်ပလာစသည့် ဒေသမျိုးရင်း ဒီရေတော သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ 

ထို့အပြင် ဗျိုင်း၊ ကြက်တူရွေး၊ သိမ်း၊ ပန်းဇင်ငှက်နှင့် ဒင်ကြီးငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း သား၊ ငါး၊ ပုစွန်စသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွ န်လာစေခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here