ပို့ကုန်ရငွေ သတ်မှတ်ချက်မပြောင်းလဲပဲ မူလအတိုင်းအသုံး ပြုခွင့်ရှိဟု စီးပွား/ကူးသန်းထုတ်ပြန်

0
183

ပြည်ပသို့ တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေနှင့် ပတ်သက်ပြီး အပြောင်းအလဲမရှိပဲ မူလသတ်မှတ်ချက်အတိုင်း အသုံးပြုခွင့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က ပို့ကုန်ရငွေ အသုံးပြုခွင့်ကို မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပပို့ကုန် သမားများအနေဖြင့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင် နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမည်ဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည့် အပေါ်ဗဟိုဘဏ်က ပြန်လည်ဖြေရှင်းထားခြင်း ဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှု န်းကိုသာ ဗဟိုဘဏ်ရည်ညွှန်ဈေးဖြင့်လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နေ့စဉ်အွန်လိုင်းဈေးနှုန်းဖြင့် လဲလှယ်ခွင့်ပြုထားပြီး လက်ရှိတွင်လည်း ယင်းသတ်မှတ်ချက်အ တိုင်း အပြောင်းအလဲမရှိ ခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here