မိုးကောင်း – ဖားကန့် ဆက်သွယ်ထားသော (၆၆)KV ဓာတ် အားလိုင်း ပျက်စီးမှုများ ပြန်လည်ပြုပြင်နေ

0
170

ဖားကန့် ဒေသတွင်း တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ပျက်စီးမှုများ ရှိခဲ့သည့် မိုးကောင်း-ဖားကန့် ဆက်သွယ်ထားသည့် (၆၆) ကီလိုဝပ် ဓာတ်အားလိုင်းကို ပြန်လည်ပြု ပြင်နေပြီဖြ စ်သည့်အတွက် မကြာမီ လျှပ်စစ်မီးများ ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း ဒေသခံ‌တစ်ဦးထံက သိရသည်။

ဖေဖော်ဝါရီ (၁၈)ရက်မှစတင်ကာ ပျက်စီးသွားသော ဓာတ် အားလိုင်းများ ပြုပြင်ရန် မဟာဓာတ်အားလိုင်းမှူးရုံး (ဝိုင်းမော်)မှ ဝန်ထမ်းအင်အား (၂၁) ဦးနှင့် ဖားကန့်မြို့နယ် လျှပ် စစ်ဝန် ထမ်းများမှအင်အားပြည့် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မကြာခင် အချိန်များမှာ လျှပ်စစ်မီး ပြန် ရပါလိမ့်မယ်။ ဓာ တ်အားလိုင်း အပြစ်ဖြစ်တဲ့ နေရာတွေကို စတင်ပြုပြင်ဆောင်ရွက်နေပါတယ် “ဟု ၎င်းက ပြောသည်။

ယခုလဆန်းပိုင်းက နန့်တိန်ဂိတ်အနီး လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ မိုးကောင်း – ဖားကန့် ( ၆၆) KV ဓာတ်အားလိုင်းမှာလက်နက်ကြီးကျည်ထိမှန်ခဲ့ခြင်းကြောင့် လျှပ်စစ်လိုင်းများပြတ်တောက်သွားရခြင်းဖြစ်ပြီး ဖားကန့် မြိုပေါ်ရပ်ကွက်များ၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာများ၌ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစသည်။

လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ဒေသခံများအတွက် ဖားကန့်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းမိသာစုဝင်များ စုပေါင်းပြီး ငှက်ပျောတောရပ်ကွက်ရှိ လျှပ်စစ် ရုံးရှေ့တွင် မီးစက်နှိုးကာ ဖုန်းအားသွင်းရန်နှင့် အခြားလျှပ်စစ်ပစ္စည်းများကို အခ မဲ့ အားသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here