လူကုန်ကူးမှုများကို တိုက်ဖျက်နှိမ်နင်းမည့် နည်းလမ်းများပါဝင်သော လုပ်ငန်းဆောင်ရွက်ချက်အသစ်များ ရေးဆွဲထား

0
173

မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပုံစံအသစ်များ၊ လူကုန်ကူးမှုလမ်းကြောင်းများ၊ နည်းပညာကိုအသုံးပြု၍ ကျူးလွန်လာသည့် နည်းလမ်းများ ဖြေရှင်းဖော်ထုတ်နိုင်ရန် လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နင်းရေးလုပ် ငန်းများအပြင် လူကုန်ကူးမှုများကို တိုက်ဖျက်နှိမ်နင်းမည့် နည်းလမ်းများပါဝင်သော လုပ်ငန်းဆောင်ရွက်ချက်အသစ်များ ရေးဆွဲထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောကြားသည်။

ဖေဖေါ်ဝါရီ (၁၉) ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာ နချုပ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ် ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) တွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် လုပ်ငန်း စီမံချက်၏ လုပ်ငန်းစဉ်များ အကော င်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို ပြန်လည်သုံးသပ်ပါက ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းကဏ္ဍ(၄)ရပ်ရှိ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲ ဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍပါ လုပ်ငန်းစဉ်များအား ၉၄ ရာခိုင်နှုန်း အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှုများကို ပြည်သူလူထုထံ ရောက်ရှိစေရန် မီဒီယာပိုင်းကို အ လေးထားဆောင်ရွက်နိုင်ခဲ့ပြီး အသိပညာပေးမှုများ၊ တား ဆီးပြန်လွှတ်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူး ပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း လည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲဒုက္ခကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား စုံစမ်းရှာဖွေကယ်တင်ပေးရန် သက်ဆိုင်ရာသံရုံးများ၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့အင်တာပို၏ National Central Bureau (NCB) လမ်းကြောင်းများမှ တဆင့် အကူအညီတောင်းခံလာမှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူး ပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲ ပြောင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တရားစွဲဆိုရေး လုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုများအား စုံစမ်းဖော်ထုတ်စစ်ဆေးမှု၊ အမှုတည်ဆောက်မှု၊ တရားစွဲဆိုမှုများနှင့် ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒ ဏ်များ ချမှတ်နိုင်ရေး တရားစွဲ အဖွဲ့အစည်းများနှင့် သက် ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆော င်ရွက်လျက်ရှိပြီး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကဏ္ဍတွင် လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်များ ရေးဆွဲပြီး လို အပ်သည့် ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများကို ထိထိရော က်ရောက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြော င်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်၌ မူဝါဒနှင့် ပူးပေါင်းဆောင် ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွ ယ်စောင့်ရှောက်ရေးစသည့် လုပ်ငန်းကဏ္ဍကြီး(၄)ရပ်တွင် လုပ်ငန်းစဉ် (၆၂) ခုနှင့် လုပ်ငန်းဆောင်ရွက်ချက် (၁၆၉) ချ က်ကို ထည့်သွင်းရေးဆွဲထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here