မုံရွာခရိုင်အတွင်း နွေစပါးဧက (၁၂၀၀) ကျော်စိုက်ပျိုးမည်

0
145

လာမည့် နွေသီးနှံ စိုက်ရာသီတွင် မုံရွာခရိုင်အတွင်း၌ နွေစ ပါး ဧက ၁၂၀၀ ကျော်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်စ တင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“စပါးအရည်အသွေး ကောင်းမှ စျေးကောင်းရမှာပါ။ စပါးအရည်အသွေး ကောင်းတာကို အဓိက စိုက်မယ်။ စိုက်နည်း စနစ်မှန်ပြီး ပိုးမွှားကျတာမရှိဖို့ ကြပ်မတ်လုပ်ဆောင်ရမယ်။အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်ဖို့စီစဥ်ထားပါတယ်”ဟု မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယင်းကဲ့သို့ နွေစပါးစိုက်ပျိုးရာတွင် အခက်အခဲမရှိ စနစ်တ ကျစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။  

မုံရွာခရိုင်အတွင်း နွေစပါးစိုက်ပျိုးရာတွင် မုံရွာမြို့နယ်တွင် ၂၅ ဧက၊ ဘုတလင်မြို့နယ်တွင် ဧက ၁၄၀၊ အရာတော်မြို့ နယ်တွင် ဧက ၆၈၀၊ ချောင်းဦးမြို့နယ်တွင် ၃၆၅ ဧက စုစု ပေါင်း ၁၂၁၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသ ည်။

မုံရွာခရိုင်အတွင်း နွေစပါးစိုက်ကြမည့် တောင်သူများကို သ က်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နွေစပါးအထွက်နှုန်းကောင်းမွန်ရန် နည်းပညာအပြင် မြေသြဇာကျွေးနည်း စနစ်၊ သဘာဝမြေသြဇာ အသုံးပြုနည်းစနစ်၊ ပေါင်းရှင်းကာပိုးသတ်ဆေး သုံးစွဲနည်းစနစ်များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here