ပြည်ပအလုပ်အကိုင် အေဂျင်စီ (၅၄၇)ခု အထိရှိလာ

0
183

ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက်သည် လစဉ်တိုးလာပြီး လက်ရှိတွင်လည်း အေဂျင်စီ ၅၄၇ ခုအထိရှိလာပြီဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာန၏ ထု တ် ပြန်ချက်စာရင်းများ အရသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်အထိ ပြည်ပအလုပ်အကိုင်အေဂျင်စီစာရင်းတွက် လိုင်စင်ရယူထားသည့် အေဂျင်စီအ ရေအတွက်သည် (၅၄၂) ခုရှိပြီး ယခုဖေဖော်ဝါရီလတွင် အေ ဂျင်စီအရေအတွက် (၅) ခုတိုးလာကြောင်း စာရင်းများအရ သိရသည်။

အဆိုပါ ပြည်ပအလုပ်အကိုင် အေဂျင်စီများအနက် အေဂျ င်စီ (၁၂) ခုသည် လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရပြီး အမှန်တစ်ကယ်လုပ်ကိုင်နေသည့် အေဂျင်စီ (၅၃၅) ခုရှိကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီလအထိ (၃၀၀) နီးပါးသာရှိခဲ့ခြင်းဖြစ်ပြီး သုံးနှစ်အတွင်း အေဂျင်စီ (၂၀၀) ကျော်တိုးလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်တိုးလာသော်လည်း လုပ်သားစေလွှတ်မှုသည် တိုးတက်လာမှုမရှိကြောင်း သိရသည်။

ပြည်ပအလုပ်သမား စေလွှတ်မှုအနေဖြင့် ဂျပန်၊ ကိုရီးယားနှင့်ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံနားလည်မှု စာချွန်လာဖြင့် တရားဝ င် စေလွှတ်နေခြင်းဖြစ်ပြီး လက်ရှိတွင် အလုပ်သမားစေလွှ တ်ခြင်းနှင့်ပတ်သက်၍ သီးခြားထုတ်ပြန်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here