ကာကွယ်ရေးနှင့် လုံခြုံရေး အပါအဝင် မြန်မာ – ရုရှား နှစ်နိုင်ငံ နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပခဲ့

0
114

မြန်မာ – ရုရှား နှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံ ရေး အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံ ရေးရာဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ – ရုရှား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေးရူဒန်ကိုတို့ ဦး ဆောင်၍ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်း ပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာ – ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ တရားရေး၊ ဥပဒေ ရေးရာ၊ ပို့ဆော င်ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ စက်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ ပြန်ကြားရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအ ချင်းချင်း ထိတွေ့ဆက်ဆံမှု စသည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆော င်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြော င်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ – ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ အစီအစဉ် (၂၀၂၂-၂၀၂၄) အရ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here