ပြည်တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဟုဆို

0
153

နို့ထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ပြီး ပြည်တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကပြောကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ သိသာစွာ ပြောင်းလဲတိုးတက်ရေးအတွက် မူဝါဒနှင့် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဖေဖေါ်ဝါရီလ(၂၀) ရက် နံနက်ပိုင်းက နေပြည်တော်ရေဆင်းတက္ကသိုလ်များနယ် မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပပို့ကုန်အဖြစ် ကျွဲ၊ နွားအရှင်များ တင်ပို့ရောင်းချခြင်းကို အေးခဲသားနှင့် စည်သွတ်ကဲ့သို့ ကုန်ချောများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် မွေးမြူသူ၊ ထုတ်လုပ်တင်ပို့သူများ အားလုံးအတွက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေရန်နှင့် နိုင်ငံခြားငွေ ပိုမိုရှာဖွေပေးနိုင်ရန် နည်းပညာအပါအဝင် လိုအပ်ချက်များ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် ပညာရှင်များအပိုင်းက ကြိုးပမ်းပေးကြရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းခဲ့သည်။

ထို့အပြင် စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ သိသာစွာ ပြောင်းလဲတိုးတက်ရေးအတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ၊ မျိုးဆက်သစ်ပညာရှင် လူငယ်များ စနစ်တကျ သင်ကြားလေ့ကျင့် မွေးထုတ် ပေးနိုင်ရန် ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ နို့နဲ့ နို့ထွက်ပစ္စည်းများကို နှစ်စဉ် တင်သွင်းနေရပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကြောင့် ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိသ ည့် နို့နှင့် နို့ထွက်ပစ္စည်းများကို နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here