ပြိုင်ဘက်ဟောင်း ကမ္ဘောဒီးယားဖိုက်တာနှင့် ထွန်းထွန်းမင်းတို့ လာမည့် (၂၉) ရက်တွင် ထိုးသ-တ်မည်

0
98

မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းနှင့် သူ၏ ပြို င်ဘက်ဟောင်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီ ယံဖိုက်တာ ပရွမ်စမ်နမ်နှင့် လာမည့် ဖေဖေါ်ဝါရီ (၂၉) ရက်တွင် ပြန်လည်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူလက ထွန်းထွန်းမင်းနှင့် ပရွမ်စမ်နမ်တို့၏ ပွဲစဥ်ကို ၂၀၂၄ ခုနှစ် မတ်လအတွင်း ထိုးသ-တ်ရန် စီစဥ်ထားသော်လည်း ယခုအခါ ပွဲစဥ်ကိုရွေ့ဆိုင်းကာ ယခုလ (၂၉) ရက်တွင် ထိုးသတ်ရန် ပွဲစီစဥ်သူများက စီစဥ်ခဲ့ကြခြင်းဖြစ်သည်။

ထွန်းထွန်းမင်းနှင့် ပရွမ်စမ်နမ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ၌ ခွန်ခမာရိုးရာလက်အိတ် စည်းမျဥ်းများအတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်စမ်နန်သည် 20 23 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့သည့် ဆီးဂိမ်းတွင် လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့်အ နိုင်ယူခဲ့ကာ ရွှေတံဆိပ်ဆုရရှိခဲ့သူလည်း ဖြစ်သည်။

ပရွမ်စမ်နမ်သည် ပြီးခဲ့သည့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျင်းပသည့် မြန်မာ့ လက်ဝှေ့ကျော် ရွှေရာမာန်နှင့် ထိုးသ- တ်သည့်ပွဲစဥ်တွင် ရွှေရာမာန်အား ခြေကန်ချက်ဖြင့် အနိုင် ယူထားသည်။

ထို့အပြင် မြန်မာ့လက်ဝှေ့ ချန်ပီယံဟု သတ်မှတ်ခံထားရသ ည့် ဒေ့ဗ်(ဒေဝ)နှင့်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ထိုးသ-တ်ခဲ့ဖူးပြီး ဒေ့ဗ်၏ ဖိအားပေးထိုးနှက်မှုကြောင့် မျက်ရည်အိတ်ကွဲသည့် ဒဏ်ရာရရှိခဲ့ပြီး ပူးတွဲသရေရလဒ်ကိုရရှိခဲ့ခြင်းဖြစ် သည်။

အဆိုပါ (၂၉) ရက်တွင် မြန်မာ့လက်ဝှေ့ကျော် ရိုးရာလက်ဝှေ့ ပထမတန်းမှ ရှုံးပွဲမရှိ စံချိန်ပိုင်ရှင် ကျော်စွာဝင်းနှင့် ကမ္ဘော ဒီးယားဖိုက်တာတို့၏ တွဲဆိုင်းကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here