မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၈၈) လမ်း၊ (၃၅) လမ်းနှင့် (၃၆)လမ်းကြားတွင် ယနေ့ နံနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေး အသင်းများထံမှ သိရသည်။
ဖေဖော်ဝါရီ (၂၁)ရက်၊ နံနက် (၁၀)နာရီ (၁၆)မိနစ် အချိန်ခန့်က မဟာအောင်မြေ မြို့နယ်၊ (၈၈) လမ်း၊ (၃၅) လမ်းနှင့် (၃၆)လမ်းကြားတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြော င်း သတင်းအရ ဂေါဝိန်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ဒေးဝန်အရှေ့အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဂေါဝိန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ချမ်းအေး(၃) အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ငြှိမ်းသတ်ရာ နံနက် (၁၀)နာရီ (၂၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။